Friday, 20 November 2015

မင်းသားကြီးရွှေဘန်းသီတန်းစာ


မင်းသားအမှန် ငါလျင်ကြံက
နိုင်ငံရပ်စည် တိုင်းပြည်အတွက်
ငါ့အသက်ကို ရက်ရက်စွန့်ခါ
ကုလားရွာ၌ ခန္ဓာရုပ်ဟောင်း

ဘဝပြောင်းခ
ဲ့ ဖြစ်ကြောင်းသံသရာ သတ္တဝါရို့
မှန်စွာမချွတ် သူမသတ်လည်း
မလွတ်တခါ သေအံ့ရာတည်း
ကမ္ဘာတာရှည် သူတို့သေလည်း
အရိုးတခါ တွန့်လိမ်ရာတည်း
နောက်လာနောက်လူ ရခိုင်သူရို့
အယူမပြောင်း ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်လာ တိုင်းဓညာကို
တခါမုချ ငါတို့ရအံ့
လုံးလရှေ့သန် လူလျင်ကြံက

No comments:

Post a Comment