Friday, 20 November 2015

မော်တင်စွန်း ဘုရား သမိုင်း နှင့် ရခိုင် မဟာပညာကျော်အကြောင်း။
**********************************
ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။ မဟာပညာကျော်မှာ လောကရေး၊ ဓမ္မရေး၊ ရာဇရေးဟူသော အရေးသုံးပါးစလုံး၍ ကျွမ်းကျင်နှံစပ်သူဖြစ်သည်။ သူကြောင်းပင် ပြည်ရှင်မင်း အဆက်ဆက်သည် ကျောသား၊ ရင်သားမခွဲခြားဘဲ တရားဖြောင့်မတ်စွာ အုပ်ချုပ်နိုင်ရန်အတွက် အကြံကောင်း၊ ဥာဏ်ကောင်းများ ၊ နည်းလမ်းကောင်းများကို ညွှန်ပြတတ်သည်။ မင်းဗာဘုရင်၊ ရှင်မြ၀ါ၊ မဟာပညာကျော်တိုကတွင် သွေးသောက် မိတ်ဆွေများဖြစ်ကြသည်။ ကုလား-ပေါ်တူဂီတို့ စစ်နိုင်ပြီး သျှစ်သောင်း ပုထိုးတော်ကြီးကို တည်ထားခဲ့သော မင်းဗာဘုရင်ကြီး၏သား မင်းဖလောင်းရှင်ဘုရင် လက်ထက် တစ်လျှောက်လုံးတွင် မဟာပညာကျော်အမတ်၏ အစီအမံများကို တွေ့ရသည်။ ဤအစီအမံများအတိုင်းပင် မင်းဖလောင်းရှင်ဘုရင်၏ အစီအမံများ အားလုံး အောင်မြင်ခဲ့သည်။
မင်းဗာဘုရင်လက်ထက်တွင် မဟာပညာကျော်အမတ်အား စစ်တကောင်းစားအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ မင်းဖလောင်းဘုရင်လက်ထက်တွင် စစ်တကောင်မှ ပြန်ခေါ်ပြီး ဘုရင်၏ အနီးအနားတွင် ထားခဲ့သည်။ အနောက်တရိုး စစ်တကောင်းကို သားတော်လတ် မင်းရာဇာကြီးကို ပေးခဲ့သည်။ မင်းဖလောင်းးကွယ်လွန်ပြီး သားတော် သတိုးဓမ္မမရာဇာသည် မင်းရာဇာကြီးဘွဲ့အမည်ဖြင့် ရခိုင်ထီးနန်းကို ဆက်ခံခဲ့သည်။ မင်းရာဇာကြီး ဘုရင်ဖြစ်သောအခါ ညီတော် သတိုးစောလှမှ အနောက်ပြည် စစ်တကောင်းကို အစားရခဲ့သည်။ သို့သော်လည်း (၂)နှစ်ကြာသောအခါ အစ်ကိုတော် မင်းရာဇာကြီးကို ပုန်ကန်ခဲ့သည့်အတွက် သတိုးစောလှကို အနောက်ငယ်မှ ဖယ်ရှားပြီး သက်တော်ရှင် ပညာရှိအမတ် မဟာပညာကျော်ကို အနောက်ပြည်စစ်တကောင်းကို ပြန်လည် အပ်နှင်းခဲ့သည်။ အနောက်ပြည် စစ်တကောင်း ဘင်္ဂါ(၁၂)မြို့ကို အုပ်စိုးခွင့်ရခဲ့သည့် ပညာရှိ မဟာပညာကျော်အမတ်နှင့် မင်းရာဇာကြီးလက်ထက်တွင် တောင်ငူဘုရင်မှ လက်တောင် မဏ္ဏာာရွှေပေလွာဖြင့်တကွ ကြည်းတောင်စားနှင့် ကသာစားနှစ်ယောက်ကို ဟံသာဝတီ(ပဲခူး)ကို စစ်ထိုးရာတွင် ပါဝင်ကူညီတိုက်ခိုက်ပေးဖို့ အကူးအညီတောင်းလေသည်။ တကယ်လို့စစ်အောင်မြင်ပါက
ပဲခူးမင်းနန္ဒသမီးတော်နှင့် ဆင်ဖြူရတနာကို ဆက်သပါမည် ဟု ကတိပြုရေးသားထားလေသည်။
စစ်ကူးပေးရာတွင် နမိတ်ဖတ်သည့်အနေဖြင့် အဉ္ဇနဒီ(လေးမြို့)မြစ်တွင် လူငယ်တို့သည် လှေလှော်ရာတွင် သီဆိုကြသည်
ဆင်ဖြူပေါင်ကျိုး၊ ထီးဖြူညှိုး၍ ပဲခူးဘုရင် ဒို့အရှင်ထံ ၀င်လိမ်မည် အတိတ်နမိတ်ကို မဟာပညာကျော်အား မေးမြန်ခဲ့ရာ ကောင်းသောနိမိတ်ဖြစ်သည့်အတွက် စစ်ကူးပေးလေသည်။
ဤစစ်ပွဲတွင် မင်းရာဇာကြီးကိုယ်တိုင်း တပ်ကို ကြပ်မက်ပြီး စစ်သည်ရဲမက် တစ်သိန်းကို ဦးဆောင်ခဲ့သည်။ သားတော် အိမ်ရှေ့မင်းခမောင်းနှင့် စိန်တင်စား ဥက္ကပျံ (စာဆိုတော် ဥက္ကပျံ)တို့ကို စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး သက္ကရာဇာ် ၉၆၀ ပြည့်၊ တန်ဆောင်မုန်း လဆန်း (၁၀)ရက်နေ့တွင် မော်တင်ကို လှည့်၍ သန်လျှင်(ရန်ကုန်မြို့ တစ်ဖက်ကမ်း)ကို မြို့ကို ချီးတက် သိမ်းပိုက်ခဲ့သည်။
မင်းရာဇာကြီးသည် တောင်ငူဘုရင် တပ်နှင့်ပူပေါင်းပြီး ဟံသာဝတီ ပဲခူးမြို့ကို စစ်ကြောင်း (၄)ကြောင်းဖြင့် ချီးထိုး ခဲ့သည်။
(၁)တောင်ငူဘုရင်က ရှေ့ဘက်က ရသည်။
(၂)သားတော် နတ်ရှင်နောင်(စာဆိုတော်)က မြို့မြောက်ဘက်က ရံသည်။
(၃) အိမ်ရှေ့မင်းခမောင်းနှင့် ဥက္ကပျံတို့က တောင်ကရံသည်။
(၄) မင်းရာဇာကြီးက အနောက်ကံ ရံ၍ တိုက်ခိုက်ခဲ့သည်။
ဟံသာဝတီ(ပဲခူး)ဘုရင်၏ သားတော် မင်းရဲကျော်စွာသည် အညံခံသည်ကို မြင်ကာ ညီတော် တောင်ငူမင်းထံ အညံခံလေသည်။ ဟံသာဝတီ ပဲခူးမင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ဟံသာဝတီကို ရသော် တောင်ငူမင်းက နန်းကျဟံသာဝတီမင်း၏ နှမတော် ခင်မနှောင်းကို ကိုယ်လုပ်သုံးကျိပ်နှင့် မှူးမတ်အပေါင်း ၀န်းရံစေလျှက် ဝေါနှင့်ထမ်းကာပြီး ဆင်ဖြူတာင်တစ်စီးကို ရခိုင်ဘုရင် မင်းရာဇာကြီးကို ဆက်သလေသည်။
မြန်မာမင်းနှစ်ပါးစစ်မက် ဖက်ပြိုင်မှုကို ယိုးဒယား(ထိုင်း)ဘုရင် ဗြနရာဇ် မြင်သော် တောင်ငူတွင် မင်းမရှိခိုက် တောင်ငူကို ၀င်တိုက်သည်။ ယိုးဒယားမင်းကို တောင်ငူမင်းနှင့် မင်းရာဇာကြီးတို့ တိုက်ခိုက်ရာ ယိုဒယားဘုရင်ညီတောင် ဗျသမွန်ကို ဖမ်းမိပြီး ယိုဒယားဘုရင်တို့လည်း အညံခံခဲ့သည်။ ယိုးဒယားဘုရင် ဗျသမွန်ကို ဖမ်းမိပြီး လက်နက်များ၊ လက်ဆောင်များ တောင်ယူပြီး သက္ကရာဇ် ၉၃၆ ခုနှစ် ရခိုင်သို့ ပြန်လာလေသည်။ ပြန်လမ်းခရီး မော်တင်စွန်းသို့ ရောက်သောအခါ အသက်အရွယ် ကြီးရင့်ပြီးဖြစ်သော အမတ်ကြီး မဟာပညာကျော် ကွယ်လွန်သွားလေသည်။ မင်းရာဇာကြီးသည် မဟာပညာကျော်အား ကောင်းစွာ သင်္ဂြုဟ်၍ သင်းချိုင်ရာပေါ်တွင် စေတီတည်ထားလေသည်။ ယခုတိုင်း ထိုစေတီအား မော်တင်စေတီဟု တွင်ရစ်ကြောင်း ဖော်ပြထားသည်။
ရက္ခပူရတိုင်းတွင် သာကီဝင် မင်းဖလောင်းလက်ထက်တွင် ပြုစုခဲ့သော မဟာပညာကျော်လျှောက်ထုံးသည် ခေတ်အဆက်ဆက် ပညာရှိတို့ သုံးစွဲခဲ့သည် ရာဇ၀င်ကြီးတစ်စောင်ဖြစ်သည်။ မဟာပညာကျော်လျှောက်ထုံးများကို ကြည့်ရှုပြီး မင်းမှူး၊ မင်းမတ်များကို နောက်ပိုင်းဘုရင်တို့က ခန့်အပ်သည့်ဟု မှတ်တမ်းမှတ်ရာအရ တွေ့ရှိရသည်။
ရခိုင်ရို့က ကျွန်းအဖျားကို မော် လို့ခေါ်ရေ။ ရခိုင်ပြည်မှာ ဗုဒ္ဓေါမော်၊ ကြိမ်ခမော်၊ ဆင်တမော်၊ စခန်းမော် (မအီချောင်း)၊ ကင်းမော် (သံတွဲ)၊ အဂုတစ်ခါ မော်တင်စွန်းလတ်၊ ဒေဝေါဟာရစွာ ရခိုင်ဝေါဟာရအစစ်။ ဇာသူငြင်းဖို့လဲ။ မြန်မာစာ အဘိဓါန် ကျမ်း စာ- ၂၇၂ မှာ မော်= မျက်နှာကို အနည်းငယ်မော့်သည်။ ၀င့်ကြွားသည်။ မြင့်မော်သော အငူစွန်း။ အမော်လို့ ဖါင့်ဆိုထားရေ။ အသျှေကပင် အဖိုးသျှင် အဘောင်သျှင်ရို့ ပြောရေစကားကို တဖြည်းဖြည်း ကြားယောင်မိရေ။ လောင်းနန့်လားကေ မော်ဖျားမှာတင်ပခ၊ မော်စွန်းဖျားက စောင့်နီလီ။ အမှန်ပင် ငါရို့မော်တင်စွန်း မဟုတ်လား။ မော်တင်စွန်းဘုရားထက်က မိုင်ပေါင်း(၄၄၀) လောက်ဝီးရေ နတ်မြစ်ဝကို လှမ်းကြည့်မိပါရေ။
ရွာနာမည်တိကိုလေ့ တစ်ချက်ကြည့်။ ဇီးချိုင်၊ ကံချိုင်လတ်။ ဒေပိုင်နာမည်မျိုး ငါရို့ဘားမှာလေ့ ဟိရေ။ သပြုချိုင်၊ လုံးသာချိုင်၊ ရွှေဝါချိုင်၊ အင်္ဂရားချိုင်၊ ထိုချိုင် ဒေချိုင် အများကြီးကျန်ဖို့သိမ့်။


No comments:

Post a Comment