Friday, 20 November 2015

ဓညဝတီပြည်ရှင် စန္ဒသူရိယမင်းကြီးသည် သေလာဂီရိကျောက်တော်တောင်ထိပ်၌ မြတ်စွာဘုရားရှင်အား ဖူးမျှော်ကန်တော့ဦးတိုက်ရာ အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်မိခြင်း၊ ကြည်နူးမိခြင်းတို့ဖြင့် ဖူးမြော်မဝဖြစ်ကာ ခေတ္တမျှ သတိမေ့မျှောခဲ့ရသည်ဟုဆိုသည်။ ထိုအခါ မြတ်စွာဘုရားရှင်က သင်နဲ့ငါက ရှေးဘဝများစွာက အတူဖြစ်ခဲ့ဖူးသည့်ဘဝက များပြားလှ၏။
ငါက ကာလိင်္ဂပြည် ဗြဟ္မာသာဂီမင်းဖြစ်စဉ် သင်ကား ဇေယျနန္ဒီအမတ်ဖြစ်၏။ နောက်ထပ် ကာသိင်္ဂရာဇ်တိုင်း ဗာရာဏသီပြည် ဇင်္ဂလဒေသတွင် လယ်သမားအတူဖြစ်ဖူး၏။ ထိုအခါ သင်ထိန်းကျောင်းသောနွားများကို သေသောက်ကြူးတို့ခိုးသွားကြစဉ် ငါဗေဒင်ဟော၍ တောခြုံတွင်းမှပြန်ရရှိခဲ့သဖြင့် ဝမ်းသာအားရကာ နောင်ဖြစ်ရာဘဝဆက်တိုင်းတွင် အတူတစ်ကွဖြစ်ရပါစေဟု ဆုတောင်းချက်တို့ကြောင့် ခု သင်နဲ့ငါကားတွေ့ကြပြီဖြစ်သည်။ပြီးနောက် ဗုဒ္ဓမြတ်စွာမှ"စန္ဒသူရိယ အသင် ဘုရင်မင်းမြတ်၊ စန္ဒသူရိယ အသင် ဘုရင်မင်းမြတ်၊ စန္ဒသူရိယ အသင် ဘုရင်မင်းမြတ်၊"ဟု သုံးကြိမ်တိုင်တိုင်ခေါ်ဆိုလေရာ ဘုရင်ကြီးသည် ဗုဒ္ဓမြတ်စွာဘုရားအား ကြည်ညိုမူလွန်စွာဖြစ်ကာ "ဘုရား၊ဘုရား၊ဘုရား"ဟူ၍ သုံးကြိမ်တိုင်တိုင်ပြန်လည်ထူးခဲ့သည်။
ထိုအခါမှစ၍ ဘုရင်ကြီးနှင့် ဗုဒ္ဓဘုရားရှင်၏ ဦးစွာမေးမြန်းခေါ်ဆိုမူ မူလပထမကို စောင့်ထိန်းသောအားဖြင့် ရခိုင်လူမျိုးအားလုံးတို့သည် မည်သူပင်ခေါ်ခေါ် "ဘုရား"ဟုထူးသည့် အစဉ်အလာသည် ဤမှစတင်ခဲ့ရသည်။
ကိုးကား။ ။ သေလာဂီရိမောရပမဗ္ဗတနှင့် ကျောက်ဆစ်တော်ဓာတ် စေတီမြတ်သမိုင်း(သူမြတ်၊မဟာအောင်မြေ)

No comments:

Post a Comment