Friday, 20 November 2015

ရခိုင်လူမျိုးနှင့်ပါတ်သတ်၍ မှတ်တမ်းတင်ထားခဲ့ကြသော သမိုင်းအထောက်အထားများကား များစွာ ရှိပေသည်။ ကျောက်စာ၊ ခေါင်းလောင်းစာ၊ မှင်စာ၊ ပုရပိုက်စာ တို့ လည်း အများအပြားရှိပါသေးသည်။ ရခိုင် သမိုင်းအမျိုးမျိုးထဲတွက် ဧချင်းအရေးတော်ပုံ၊ ရာဇ၀င်အလင်္ကာ၊ ရာဇ၀င်သာခြင်း၊ ရာဇ၀င်ကျမ်း စသည်ဖြင့် အမျိုးမျိုးရှိကြပေသည်။ ရခိုင်လူမျိုးများသည် ဘီစီ (၆၀၀၀)ခန့် မှ အစပြု၍ ရခိုင်ပြည်၌ ရခိုင့်လူ့ အဖွဲ့ အစည်း စတင် အခြေချ နေထိုင်လာကြပုံကို ရခိုင်မင်းသမီးဧချင်း၌ စာဆိုပညာရှင် ဖဒူမင်းညိုက ဤသို့ ရေးသား မှတ်တမ်းတင်ခဲ့ပါသည်။ “ ဧ….ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊ အထွေထွေတည့်၊ မရေနိုင်ဘဲ၊ ၀မ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ၀ှန်တုန်ကြက်သီး၊ ဘေးကြီးဘေးလျှင်၊ ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊ မဟာသမတ၊ ခတ္တိယ၏၊ ဆက်မှတသွယ်၊ အနွယ်ကိုပ၊ နေလပုံစင်း၊ ထွန်းပလျှင်းဟု၊ သတင်းစကား၊ နာသာများနှင့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်ရှင်မ၊ ကျူးပါကလျှင်း ” ဟူ၍၄င်း စပ်ဆိုဖွဲ့ နွဲ့ ထား ခဲ့ပါသည်။ ထိုသို့ မဟာသမတခတ္တိယအနွယ်တော်များ ရခိုင်ပြည်ကို စတင်တည်ထောင်စဉ်က အလွယ်တကူ တည်ေ ထာင်နှိုင်ခဲ့သည်ကားမဟုတ်။ ရခိုင်ပြည်တွင်းရှေးဦးရောက်နှင်းနေသော လူရိုင်းတို့ ရန်၊ သားရဲတိရိစ္ဆာန်များရန်ကို ခက်ခဲစွာ နှိမ်နင်းကာ တည်ထောင်ခဲ့ကြရပေသည်။ ဤသည်ကို ရခိုင်ရာဇ၀င်လင်္ကာ၌ …… “သိကြားလက်နက် ထိန်ထိန်ထွက်သည်၊ စင်္ကြာအရောင်၊ ၀င်းဝင်းပြောင်နှင့်၊ တောတောင် ခိုမှီ၊ အလဇ္ဖီဘီလူး၊ သားစားကြူးကို၊ ဂုဏ်ထူးအာဏာ၊ ဘုန်းမိုးဖြာ၍၊ လိုရာအောင်မြင်၊ အောင်မြို့ ဝင်၍၊ ခေါ်တွင်ရခိုင်၊ ခုတိုင်ပျက်၊ မော်ကွန်းထွက်သည်” ဟူ၍၄င်း ရေးစပ်ဖွဲ့ ထားသည်ကို တွေ့ ရသည်။ ရခိုင်ပြည်၌ စိုးစံခဲ့သောမင်းဆက်ပေါင်း(၂၅၈)ဆက်၊ နန်းစံနှစ်ပေါင်း(၅၁၀၀)ခန့် အုပ်စိုးခဲ့ပြီး၊ ရခိုင်ဘုရင့် နိုင်ငံတော်ကို တည်ထောင်ခဲ့ကြသည်။ ဤမင်းဆက်များ တည်ထောင်စိုးစံခဲ့သော ဂစ္ဆပနဒီမြစ်ဒ အရှေ့  ဘက် တွင်(၉၉)မြို့ ၊ အနောက်ဘက်တွင် (၉၉)မြို့ ၊ မြို့ ပေါင်း ၂၀၀ ခန့် ရှိခဲ့သည်။ ဤသည်ကို သမိုင်းပညာရှင် ၀ါးကျောင်းဆရာတော်ရေး ရာဇ၀င်လင်္ကာ၌ …… “ အသမ္ဘိန္န၊ ခတ္တိယဟု၊ ၀ါသုဒေ၀ မင်းကစ၍၊ ဂစ္ဆပနဒီ မြစ်ကိုမှီလျှက်၊ လက်ဝဲလက်ယာ၊ များစွာမြို့ ပြည်၊ တည်ခဲ့ပေမှ၊ နောက်ဆုံးကျသည့် ၊ တေဇပြင်းထန်၊ သူရတန်မင်း၊ ဆက်ပြန်လျှင်းသည်” ဟူ၍ဆရာတော်ဘုရား ရေးသားမှတ်တမ်းတင်ထားခဲ့သည်။ ရခိုင်ဘုရင်နိုင်ငံတော်တွင် ဒွါရာဝတီ၊ ရှေးဝေသာလီ၊ ဓည၀တီ (ပထမ)၊ ဓည၀တီ (ဒုတိယ)၊ ဓည၀တီ(တတိယ)၊ ဝေသာလီကျောက်လှေကား၊ ပုရိန်၊ လောင်းကြက်၊ မြောက်ဥ ခေတ် စသည် ဖြင့် တခေတ်ပြီးတခေတ် တိုးတက်ထွန်းကားလာခဲ့သည်။ ဝေသာလီကျောက်လှေကားခေတ်(ဘီစီ ၄ ရာစုတွင်) ရခိုင်ဘုရင့်နိုင်ငံတော်၏ ပြည်တွင်းပြည်ပ တိုးတက်မှုမှာ များစွာ အရှိန်အဟုန်ရရှိနေပြီးဖြစ်သည်

No comments:

Post a Comment