ဒေဝမ်းအောင်ကျော်ရွီသီတမ်းစာ
နောက်သားနောက်လာ မျိုးလေးဖြာရို့
ဆရာသုံးလက် ရှိကတက်၍
အသက်ခန္ဓာ သူရို့မှာကား
တခါတရံ အဖိုးတန်၏
တခါတရံ ဆိုတုံပါလည်း
သူကသာလျင် ဖိနိက်စက်က
အသက်ခန္ဓာ စိုးမရသျှင့်
ဓမ္မလမ်းမှန် ကျင့်လိုကြံ၍
ဖေသာကိုစား လိမ်လည်ထားသော်
နှောင်သားတစ်ဖန် သည်းမခံသျှင့်
နုင်ငံတကာ ဟူရာရာ၌
ပညာနှင့်ဉာဏ် သင့်အောင်ကြံက
တာဝန်မပျက် သစ္စာရွက်လျက်
အသက်ကိုပီး သွီးချောင်းစီးမှာ
အပြီးခိုင်းခံ ထိုနိုင်ငံကို
ရမည်မုချ ဤလောကသည်
အောက်ကျမခံနိုင်သောကြောင်း။
No comments:
Post a Comment