ရခိုင်ဘုရင်မင်းထီး(၇)နှစ်သားအရွယ် မင်းဖြစ်လားပုံနှင့်ထီးနန်းအုပ်ချုပ်ပုံ
*****************************************
မင်းထီး၏ဖခင် မင်းဘီလူးသည် ကုသိုလ်ကောင်းမှု့တို့ကိုမပြု ပြည်သူပြည်သားတို့ကို ကြမ်းတမ်းယုတ်မာစွာပြုမူဆက်ဆံသည်။
*****************************************
မင်းထီး၏ဖခင် မင်းဘီလူးသည် ကုသိုလ်ကောင်းမှု့တို့ကိုမပြု ပြည်သူပြည်သားတို့ကို ကြမ်းတမ်းယုတ်မာစွာပြုမူဆက်ဆံသည်။
မင်းထီးသည် မင်းဘီလူး၏သားအရင်းဖြစ်သည်။
မင်းထီးကိုဖွားမြင်သောအခါကောင်းသောအတိတ်နိမိတ်၊
စနည်း တဘောင်တို့သည်များစွာပေါ်လေသည်။
ထိုအခြင်းအရာကိုသိရသောမင်းဘီလူးသည်ယုတ်မာသောအကြံဖြင့်မိမိ၏သားငယ်မင်းထီးအား ပုခက်တွင်ထည့်ကာရေသို့မြောလိုက်၏။
မင်းထီးကိုဖွားမြင်သောအခါကောင်းသောအတိတ်နိမိတ်၊
စနည်း တဘောင်တို့သည်များစွာပေါ်လေသည်။
ထိုအခြင်းအရာကိုသိရသောမင်းဘီလူးသည်ယုတ်မာသောအကြံဖြင့်မိမိ၏သားငယ်မင်းထီးအား ပုခက်တွင်ထည့်ကာရေသို့မြောလိုက်၏။
သို့သော် မင်းထီးမှာသေဆုံးခြင်းမရှိပါချေ ၊
တံငါသည်များကတွေရှိပြီးပြန်ပို့လာလေသည်။
မင်းဘီလူးသည် မိမိသားငယ်မင်းထီးအား
ရိုးချောင်းဖျားသို့ လျှို့ဝှက်စွာပို့ထားလိုက်လေသည်။
တံငါသည်များကတွေရှိပြီးပြန်ပို့လာလေသည်။
မင်းဘီလူးသည် မိမိသားငယ်မင်းထီးအား
ရိုးချောင်းဖျားသို့ လျှို့ဝှက်စွာပို့ထားလိုက်လေသည်။
ထိုအကြောင်းကိုနန်းတွင်း၌ မှူးမတ်တို့သိရှီကြသောအခါ အချင်းချင်းတိုင်ပင်ပြီး အမတ်စည်သဘင် ဦးဆောင်ကာ
မင်းဘီလူးအားလုပ်ကြံသတ်ဖြတ်ရန် စီစဉ်လေတော့သည်။ မင်းဘီလူးသည် ထိုအချင်းအရာအား သိရှိသွားကာ သူ၏နောက်လိုက်များအား ခြံရံလျက် အောက်အရပ်သို့
ထွက်ပြေးတိမ်းရှောင်သွားလေသည်။
မင်းဘီလူးအားလုပ်ကြံသတ်ဖြတ်ရန် စီစဉ်လေတော့သည်။ မင်းဘီလူးသည် ထိုအချင်းအရာအား သိရှိသွားကာ သူ၏နောက်လိုက်များအား ခြံရံလျက် အောက်အရပ်သို့
ထွက်ပြေးတိမ်းရှောင်သွားလေသည်။
ထို့နောက် မူးမတ်တို့သည် အမတ်ကြီးစည်သဘင်အား(၆၄၃)ခုနှစ်တွင် နန်းတင်ကြလေသည်။
စည်သဘင်အမတ်ကြီးသည် ထီးနန်းတက်ပြီးသောအခါ
မင်းဆွေမင်းမျိုးတို့အား စီစစ်၍ ညှဉ်းဆဲကွပ် မျက်ခြင်းပြုလာလေသည်။
မင်းဆွေမင်းမျိုးတို့အား စီစစ်၍ ညှဉ်းဆဲကွပ် မျက်ခြင်းပြုလာလေသည်။
ထို့ကြောင့်ကျန်သောမင်းဆွေမင်းမျိုးတိုသည်
ပြည်သူပြည်သားတို့နှင့်တိုင်ပင်လျှက် စည်သဘင်အမတ်အား(၆၄၅)ခုနှစ်တွင်လုပ်ကြံသတ်ဖြတ်ပြီး
ရိုးချောင်ဖျားတွင် ဝှက်ထားသော (၇)နှစ်သားအရွယ်မင်းထီးအား
ယူဆောင်လျှက် စောစစ်ဟူသောမိဘုရားနှင့်
ဦးရီတော်အနန္တဘယ၏ရင်ခွင်ပိုက်မင်းအဖြစ် ထီနန်းအုပ်ချုပ်မင်းလုပ်စေလေသည်။

မင်းထီးသည် ရတနာသုံးပါးကိုအလွန်ကြည်ညိုမြတ်နိုး၏
များစွာသောကောင်းမူ့ကိုပြု၏။
မင်းမျိုးမင်းဆွေ မှူးမတ်ပြည်သူတို့ကိုများစွာသော ချီးမြောက် မ'စ၏
အခွန် အတုတ် တို့ကိုလည်း လျှော့ပေါ့၍ကောက်ခံ၏။
ဒါန၊သီလ၊တရားတို့ကိုလည်း အားထုတ်တော်မူ၏။
များစွာသောကောင်းမူ့ကိုပြု၏။
မင်းမျိုးမင်းဆွေ မှူးမတ်ပြည်သူတို့ကိုများစွာသော ချီးမြောက် မ'စ၏
အခွန် အတုတ် တို့ကိုလည်း လျှော့ပေါ့၍ကောက်ခံ၏။
ဒါန၊သီလ၊တရားတို့ကိုလည်း အားထုတ်တော်မူ၏။
မိမိနှိင်ငံသို့ဝင်ရောက် ကျူးကျော်လာသော ဗမာ၊သျှမ်း၊သက် တို့အားလည်းတိုက်ခိုက်နှိမ်နင်းအောင်မြင်တော်မူလေ၏။
ဘုရင် မင်းထီးသည် တရားဥပဒေစိုးမိုးရေးကိုအလေးပေးခဲ့သည်။
ဘုရင် မင်းထီးသည် တရားဥပဒေစိုးမိုးရေးကိုအလေးပေးခဲ့သည်။
ဥပဒေပြုရာတွင်တိကျပြတ်သားမူ့ရှိလေသည်။
သားမကောင်းလျှင် အဖေ၊
သမီးမကောင်းလျှင် အမိ၊
မယားမကောင်းလျှင် လင်၊
တပည့်မကောင်းလျှင်ဆရာ၊
ကျွန်မကောင်းလျှင် အရှင်တို့တွင်တာဝန်ရှိသည်ဟုပြဌာန်းပြီး
သေဒဏ်ထိကျစေရန်သတ်မှတ်ခဲ့သည်။
သားမကောင်းလျှင် အဖေ၊
သမီးမကောင်းလျှင် အမိ၊
မယားမကောင်းလျှင် လင်၊
တပည့်မကောင်းလျှင်ဆရာ၊
ကျွန်မကောင်းလျှင် အရှင်တို့တွင်တာဝန်ရှိသည်ဟုပြဌာန်းပြီး
သေဒဏ်ထိကျစေရန်သတ်မှတ်ခဲ့သည်။
ဤဥပဒေသည်များစွာပြင်းထန်သည်ဟုမှတ်ယူနှိင်သော်လည်း
ဤဥပဒေကြောင့်သာတိုင်းပြည်ကိုကောင်းကောင်းမွန်မွန်ပြုပြင်ပေးနှိင်ခဲ့သည်ပင်ဖြစ်သည်။
ဤဥပဒေကြောင့်သာတိုင်းပြည်ကိုကောင်းကောင်းမွန်မွန်ပြုပြင်ပေးနှိင်ခဲ့သည်ပင်ဖြစ်သည်။
ဘုရင်မင်းထီးသည်ဥပဒေပြုသူသက်သက်သာမဟုတ်ဘဲ
ကိုယ်တိုင်လည်းလိုက်နာတတ်သူဖြစ်သည်။
နန်းတော်တိုင်တွင် ထုံးမသုတ်ရ၊ ထုံးသုတ်သောသူ၏
သုတ်သောလက်ကိုဖြတ်စေဟူသော
အမိန့်ကို ထုတ်ပြန်ထားပြီး၊
တစ်နေ့သောအခါ ဘုရင်မင်းထီးကိုယ်တိုင်ပင်
နန်းတော်တိုင်တွင် ထုံးသုတ်မိသောကြောင့်
ကိုယ်တိုင်ဖောက်ဖျက်မိသဖြင့်ထုတ်ပြန်ထားသော
ဥပဒေတစ်ရပ်အတိုင်း
မိမိလက်ညိုးကိုမိမိကိုယ်တိုင်ဖြတ်၍အပြစ်ခံယူလေသည်။

ရာထူးများခန့်ထားရာတွင်လည်းအဂတိမလိုက်စားပဲ
အရည်အချင်းရှိသူကိုရှိသူအလျှောက်ထိုက်တန်စွာခန့်ထားလေသည်။
တိုင်ပြည်စီးပွားရေးအတွက် များစွာသောရေတွင်း ရေကန်လမ်းတံတားများကိုဆောက်လုပ်ခဲ့သည်။
တိုင်းပြည်လုံခြုံရေးအတွက်လက်နက်အင်အားများကိုတိုးချဲ့ခဲ့လေသည်။
အရည်အချင်းရှိသူကိုရှိသူအလျှောက်ထိုက်တန်စွာခန့်ထားလေသည်။
တိုင်ပြည်စီးပွားရေးအတွက် များစွာသောရေတွင်း ရေကန်လမ်းတံတားများကိုဆောက်လုပ်ခဲ့သည်။
တိုင်းပြည်လုံခြုံရေးအတွက်လက်နက်အင်အားများကိုတိုးချဲ့ခဲ့လေသည်။
ထို့ကြောင့်အေဒီ ၁၂၉၈တွင်မွန်ဂိုတို့၏ အလုံးအရင်းဖြင့်ကျူးကျော်မူ့ကိုအောင်မြင်စွာတွန်းလှန်နှိင်ခဲ့လေသည်။
ထိုစဉ် ခေတ်ပြိုင်ပုဂံနှိင်ငံသည်အေဒီ-၁၂၈၄ခုနှစ်တွင်မွန်ဂိုကျူးကျော်မူ့ကိုမခံနှိင်သဖြင့်ပျက်စီသွားလေသည်။
ဘုရင်မင်းထီးလက်ထက်တွင်ရခိုင်လက်ဝင်နိုင်ငံဖြစ်သောဘင်္ဂါ၁၂တိုင်းနှင့်
အရှေ့အနောက်တိုင်းငယ်များကိုလက်အောင်ခံများအဖြစ်ပြန်လည်သိမ်းသွင်းနှိင်ခဲ့သည်။
အရှေ့အနောက်တိုင်းငယ်များကိုလက်အောင်ခံများအဖြစ်ပြန်လည်သိမ်းသွင်းနှိင်ခဲ့သည်။
ဘုရင်မင်းထီး၏အုပ်ချုပ်ရေးကာလသည်
နှစ်ပေါင်း ၁၀၆နှစ်ရှည်ကြာခဲ့သည်။
မင်းထီးဘုရင်လက်ထက်သည်လေးမြို့ခေတ်တွင်အတိုးတက်ဆုံးဖြစ်လေသည်။
နှစ်ပေါင်း ၁၀၆နှစ်ရှည်ကြာခဲ့သည်။
မင်းထီးဘုရင်လက်ထက်သည်လေးမြို့ခေတ်တွင်အတိုးတက်ဆုံးဖြစ်လေသည်။
မင်းထီးဘုရင်အုပ်စိုးစဉ်ကာလက
သူဌေးတစ်ယောက်၏ ကျွန်များသည်
နွားခိုးမှုတစ်ခုတွင် ဖမ်းမိသဖြင့်
သူဌေးသည် ကျွန်ရှင်ခံရ၍
အသက်သေမည်စိုးကာ
မင်းထီးဘုရင်အားရင်ခွင်ပိုက်အုပ်ချုပ်နေသော
ဦးရီးတော်အား အသပြာငွေမြောက်များစွာပေးကာ
ကျွန်ရှင်ခံခိုင်းလေသည်။
သူဌေးတစ်ယောက်၏ ကျွန်များသည်
နွားခိုးမှုတစ်ခုတွင် ဖမ်းမိသဖြင့်
သူဌေးသည် ကျွန်ရှင်ခံရ၍
အသက်သေမည်စိုးကာ
မင်းထီးဘုရင်အားရင်ခွင်ပိုက်အုပ်ချုပ်နေသော
ဦးရီးတော်အား အသပြာငွေမြောက်များစွာပေးကာ
ကျွန်ရှင်ခံခိုင်းလေသည်။
ဦးရီးတော်သည်လည်း
မင်းထီးဘုရင်သည်
သူ့အားအပြစ်ပေးလိမ့်မည်ဟု
မထင်သဖြင့်
အသပြာငွေအား
လက်ခံကာ
ကျွန်ရှင်ခံပါမည်ဟု
ကတိပေးလိုက်လေသည်။
မင်းထီးဘုရင်သည်
သူ့အားအပြစ်ပေးလိမ့်မည်ဟု
မထင်သဖြင့်
အသပြာငွေအား
လက်ခံကာ
ကျွန်ရှင်ခံပါမည်ဟု
ကတိပေးလိုက်လေသည်။
အမှုစစ်သောအခါ ဘုရင်မင်းထီးသည်
ကျွန်များ၏အရှင်မှာ ဦးရီးတော်ဖြစ်ကြောင်းသိရ၍
အမတ်မင်းများအား
ထုတ်ပြန်ထားသော ဥပဒေများကို ဖတ်ခိုင်းစေကာ
ဦးရီးတော်အား ကွက်မျက်လိုက်လေသည်။
ကျွန်များ၏အရှင်မှာ ဦးရီးတော်ဖြစ်ကြောင်းသိရ၍
အမတ်မင်းများအား
ထုတ်ပြန်ထားသော ဥပဒေများကို ဖတ်ခိုင်းစေကာ
ဦးရီးတော်အား ကွက်မျက်လိုက်လေသည်။
ဘုရင်မင်းထီး အုပ်ချုပ်စဉ်ကာလက
ရခိုင်သည်
တရားသောမင်း အုပ်ချုပ်သောနိုင်ငံဟု
ကမ္ဘာ့ အလယ်တွင် ထင်ရှားခဲ့လေသည်။
ရခိုင်သည်
တရားသောမင်း အုပ်ချုပ်သောနိုင်ငံဟု
ကမ္ဘာ့ အလယ်တွင် ထင်ရှားခဲ့လေသည်။
Credit : မာန်အောင် ကိုရဲ
ကိုးကား : ရခိုင်သမိုင်းအလင်းပြကျမ်း
ရခိုင်ရာဇဝင်သစ်ကျမ်း
ကိုးကား : ရခိုင်သမိုင်းအလင်းပြကျမ်း
ရခိုင်ရာဇဝင်သစ်ကျမ်း
No comments:
Post a Comment