ကကြီး ခခွေး ဘယ်ကိုပြေး ( ၄ )
====================
AD- 698 ၊
သာသနာ ၁၁၉၀ ခု ၊ ရခိုင်ကောဇာ ၂၁ ခု မှာ ၂၆ နှစ်နန်းစံခဲ့တဲ့ စောပြည့်ညို
ခေါ် သုဝဏ္ဏ ဒေ၀ီဟာ ရခိုင်တို့ရဲ့ ကဗျာမိခင် (စာပေမိခင်) ဖြစ်တယ် ။
အိန္ဒိယရရဲ့ ကမ္ဘာကျော် ကဗျာဂုရုကြီး ကာလီဒါသရဲ့ ကျမ်းကို ရခိုင်ဘာသာ
(ရက္ခ၀ဏ္ဏ) သို့ပြန်ဆိုပြီး က၀ိကဏ္ဍပါသနကျမ်းနဲ့ က၀ိကန္ဓုကျမ်းကို ရေးစပ်ခဲ့တယ် ။
စောပြည့်ညိုဟာ သိန်ကန်မိန်သျှိုးလိုက်ကဗျာကို မောင်နှမ၀မ်းကွဲတော်သူ
(လင်တော်မောင် သိင်္ဂစန္ဒြားမင်း) ဘင်္ဂါ ၁၂ နယ်ကို စစ်ချီသွားတဲ့ခါ
စစ်အောင်ပြီးပေမယ့် ကုလားမင်းကဆက်သတဲ့
ကုလားမင်းသမီး ဒန်ရဘီဇာလီနဲ့ ဒူရဘီ တို့ရဲ့ မိန်းမတို့မာယာတွင်းမှာ ၃
နှစ်လောက် မိန့်မောနေလို့ ဝေသာလီကိုမပြန်နိုင်ပဲ ဖြစ်နေတုန်း လွမ်း
ဖွဲ့စပ်ဆိုခဲ့တယ် ။ ကဗျာကိုဖတ်ရပြီးတော့ သိင်္ဂစန္ဒြရားမင်း ချက်ချင်းပဲ
နေပြည်တော် ဝေသာလီကိုပြန်ခဲ့တယ် ။
` သုဝဏ္ဏဒေ၀ီစောပြည့်ညိုကို
လင်တော်မောင်သိင်္ဂစန္ဒြားမင်းက သုဝဏ္ဏဒေ၀ီဘွဲ့ကိုအပ်နှင်းခဲ့တယ် ။ အဲဒီကတည်းက
ကဗျာ ၊ လင်္ကာ ၊ အက္ခရာတို့ဟာ ရခိုင်မှာ အနုပညာပြောင်မြောက်လှစွာ
ပေါ်ထွန်းနေခဲ့တာ သိပ်ကိုဂုဏ်ယူစရာပါပဲ ။ လေးမြို့ခေတ်မှာဆိုရင်
ရခိုင်ဘုရင်ကြီးရဲ့ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပေ မယ့်
မေတ္တာတော်ကြောင့် ရခိုင်အရှင်သူမြတ် အဂ္ဂသာရ ဆီမှာအပ်နှံပြီး
စာပေသင်ကြားခွင့်ပါရရှိခဲ့တဲ့ မင်းကြီး စွာစော်ကဲ တို့ညီအစ်ကို( စောစုံနဲ့
စောတူ ) တို့ဟာ ရခိုင့်စာပေနဲ့ နီတိကျမ်းတွေကို စတင်ထိတွေ့ခွင့်ရခဲ့ကြတယ် ။
ကဲ သေချာတာကတော့ ဝေသာလီခေတ်မှာ ပုဂံမပေါ်ထွန်းသေးဘူးဆိုတာပါပဲ ။ အဲဒီလို
ပုဂံမရှိခင်ကတည်းက ထွန်းကားနေပြီးဖြစ်တဲ့ အက္ခရာ ကကြီး ၊ခခွေးနဲ့
စာပေအနုပညာဟာ ရခိုင်ကလွဲရင် ဘယ်ကလာရဦးမှာတဲ့လဲ ။https://www.facebook.com/photo.php?fbid=1575120342764665&set=pcb.1575120399431326&type=1
No comments:
Post a Comment