Saturday, 28 March 2015

ရခိုင် အစ မာရယုက

'ရခိုင် အစ မာရယုက''ဆိုသော စကားအရ
ရခိုင်တွင် မာရယု မင်းသည် မြို့ပြ နိုင်ငံ အဖြစ်
ပထမဆုံးဓ''ရခိုင် အစ မာရယုက'' ဆိုသော
စကားအရ ရခိုင်တွင် မာရယု မင်းသည် မြို့ပြနိုင်ငံ
အဖြစ် ပထမဆုံး (ဓညဝတီ)မြို့ကို ဘီစီ(၃၃၂၅)တွင်
စတင် တည်ထောင်ခဲ့သည်။ ထို (ဓညဝတီ)မြို့တွင်
မင်းဆက်(၅၇)ဆက် နှစ်ပေါင်း(၁၈၁၈)ကြာမြင့်ခဲ့သည်။

ဒုတိယ (ဓညဝတီ)ခေတ်ကို ဓမ္မရာဇာ မင်းက
ဘီစီ(၁၅၀)တွင် တည်ထောင်ခဲ့သည်။
ထိုမြို့တွင် မင်းဆက်(၂၈)ဆက် စိုးစံပြီး
နှစ်ပေါင်း(၉၂၇)ကြာမြင့်ခဲ့သည်။
တတိယ (ဓညဝတီ)ခေတ်ကို စန္ဒသူရိယ မင်းသည်
ဘီစီ(၅၈၀)တွင်တည်ထောင်ခဲ့ပြီး ထိုမြို့၌
မင်း(၂၅)ဆက် စိုးစံ၍ နှစ်ပေါင်း (၉၀၇)ကြာမြင့်ခဲ့သည်။
(ဝေသာလီ)ခေတ်ကို မဟာတိုင်း စန္ဒြား မင်းသည်
အေဒီ(၃၂၇)တွင်တည်ထောင်၍ မင်းဆက်(၂၆)ဆက်
နှစ်ပေါင်း(၄၉)နှစ်ကြာမြင့်ခဲ့သည်။
(လေးမြို့)ခေတ်ကို ခေတ္တသင် မင်းသည်
အေဒီ(၈၁၈)ဆွင်တည်ထောင်၍ မင်းဆက်(၆၁)ဆက်
နှစ်ပေါင်း(၆၁၂)နှစ် ကြာမြင့်ခဲ့သည်။
ထိုကြောင့် ရခိုင်ဒေသတွင်
ပထမ ဓညဝတီ မှ မြောက်ဦးခေတ် အထိ
နှစ်ပေါင်း(၅၁၀၉)နှစ် မင်းပေါင်း(၂၄၅)ဆက်
အုပ်စိုးခဲ့ကြောင်း ရခိုင် သမိုင်း မှတ်တမ်းများအရ
သိရှိရသည်။

No comments:

Post a Comment